ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

မင်းပြားမြို့၌သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော ခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့၌နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေး အသိပညာပေးဟောပြောသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပ ပြုလုပ်သည်။

အင်္ဂပူမြို့နယ်တွင်အသက်(၅၅)နှစ် အထက်အဘိုးအဘွားများနှင့် ပြည်သူများအား တတိယအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ကာ ကွယ်ဆေးဆက်လက် ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် အသက်၅၅နှစ်အထက် အဘိုးအဘွားများနှင့်ပြည်သူ များအားတတိ ယအသုတ်(ပထမအကြိမ်)ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အ ထက -အင်္ဂပူ တွင်ယနေ့နံနက် ၉ နာရီအချိန်မှ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ပေါက်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်း စကားသံများ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့ပေါ် စုရပ်များသာမက၊ကျေးရွာများအထိ သတ်မှတ် စုရပ်များ အလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ Volunteer လူငယ်တစ်ဦး၏ ရင်တွင်း စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်ပြည့်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီ သူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့နယ်ဦးစီမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများက (၂၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူ့ဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန မှမြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့်ဆောင်ရွက် ပေးလျက်ရှိရာ ကက လကျေးရွာ အုပ်စုရှိပြည်သူများအား ယမန်‌နေ့ကအဆို ပါကျေးရွာမူလတန်းကျောင်းတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရသေ့တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပါးစပ် နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပါးစပ်နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို အောက်တိုဘာ (၆)ရက် နံနက် (၉)နာရီက အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိသည်။

ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to