ဟင်္သာတ ၊ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး Community Centreတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီ အချိန် က ပြုလုပ်ခဲ့သည်။
အသိပညာပေး အစီအစဉ်တွင် ခရိုင်ပြန်ဆက် ဦးစီးဌာနမှူး ဒေါ်ခင်သန္တထွေးက မိတ်ဆက်စကားပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ခံစားရပြီး ပြန်လည်ကျန်းမာလာသူ ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက် ၄ လမ်းတွင် နေထိုင်သူ တစ်ဦး မှ မိမိခံစားခဲ့ရသော ကိုဗစ်-၁၉ ရောဂါကြောင့် တွေ့ကြုံခံစားရသည့် စိတ်အခြေအနေများ၊ ရောဂါဖြစ်ပွား မူများ၊ ကုသရေးစင်တာ တွင်တွေ့ကြုံခဲ့ရမူများနှင့် ပြန်လည်ကျန်းမာလာပြီးနောက် မိမိနေအိမ်တွင် ပြန်လည် နေစဉ်နေထိုင်ပြုမူရမည့်အချက်များ မိသားစုများက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများ၊ ကာကွယ်ဆေး ထိုးပြီးသူများ ရရှိမည့်အကျိုးကျေးဇူးများ၊ အခြားသူများလည်း တတ်နိုင်သမျှ ကိုဗစ်ကာကွယ်ဆေးကို ထိုးကြစေ လိုကြောင်း အဆိုပါ ကိုဗစ်-၁၉ ရောဂါ ခံစားရပြီး ပြန်လည်ကျန်းမာလာသူက မိမိ၏ရင်တွင်း ခံစားချက်များကို ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇော်