ကသာ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ စုစုပေါင်းလူဦးရေ(၂၀၀၀)ဦးအတွက် ဒုတိယအသုတ် ရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် အောက်တိုဘာလ(၆)ရက်နေ့က မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတေ် များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက် ဘိုးဘွားများနှင့် အသက်(၁၈)နှစ်အထက်ရှိသည့် ပြည်သူ အများက လာရောက်ထိုးနှံကြပြီး ကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ပေးသည့်လုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ပထမအသုတ်ရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ်ထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူများကိုလည်း အဆိုပါနေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)