ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်ရှိ နေကြာစိုက်တောင်သူများအား ဆင်းရွှေကြာ (၂)နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ညောင်ဇင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၌ နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။