ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ပန်းတနော်၊ အောက်တိုဘာလ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ကို ယနန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ကို ရှင်းလင်းပြောကြားပြီး အငြိမ်းစားဆရာမကြီးဒေါ်မြစိန်က ကလေးများအတွက် ပညာရေးသည် အရေးကြီး ကြောင်း၊ စာသင်ကျောင်းကောင်းရင် ထောင်အဝပိတ်တယ်ဆိုတဲ့ ဆောင်ပုဒ်ထဲကအတိုင်း ကလေးတွေကို လိမ္မာယဉ်ကျေးအောင် သွန်သင်လမ်းညွှန်း ဆုံးမပေးရမှာ ဆရာ၊ ဆရာမတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ကလေးတို့၏ အနာဂတ်ကောင်းမွန်ဖို့အတွက်  ကလေးများ ပြုစုပျိုးထောင်ရာတွင် ဆရာမ တစ်ယောက်အနေဖြင့် အရေးကြီး သော အခန်းကဏ္ဍ၊ ကလေးများ သွန်သင်ဆုံးမခြင်း၊  တပည့်များအပေါ် ကျောသား/ရင်သားမခွဲခြားပဲ စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့် ရောက်ရာဒေသမှာ အသိပညာအတက်ပညာများကို သင်ကြားပြသပေးရမှာ ဆရာတို့ရဲ့ တာဝန်ဖြစ်ပါတယ် စသည့် ကမ္ဘာ့ဆရာများနေ့နှင့်ပတ်သက်၍ ဂုဏ်ပြုစကားများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)