ရေဦးမြို့တွင် အောက်ဆီဂျင်ထုတ်စက် စတင်စမ်းသပ်လည်ပတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စက်မှုလယ်ယာရုံး၀င်းအတွင်းယာယီတည်ဆောက်ထားသော အောက်ဆီဂျင်ထုတ်စက်ကို ယနေ့ နံနက်ပိုင်းက စတင်စမ်းသပ်လည်ပတ်နေပြီဖြစ် ကြောင်းသိရသည်။

မုံရွာမြို့နယ်တွင် စက်တင်ဘာလအတွင်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေမှ ကျပ်သန်း(၄၀၀)ကျော် ပြန်လည် ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ စက်တင်ဘာလအတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ မှကျပ်သန်း (၄၀၀)ကျော် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ မုံရွာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ(၈)ရွာရှိ ‌အိမ်ထောင်စု (၁၁၁၅)စုကို ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ကျပ်သန်း(၄၂)သန်းမှ အများဆုံးကျပ်သန်း (၆၄)သန်းအထိ စုစုပေါင်းကျပ်သန်း(၄၀၀)ကျော်ကို စက်တင်ဘာလအတွင်း စီမံကိန်းရန်ပုံငွေမှ ပြန်လည်ထုတ် ပေးခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ် ထားသော တိုက်ပွဲရှောင်စခန်းများ၌ လာရောက်ခိုလှုံ ရန်ရောက်ရှိနေကြသည့် ကျေးရွာအသီးသီးမှ အသက်(၁၈)နှစ်အထက်ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinop harm)ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က သတ်မှတ်စုရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့ရှိ ကဝိရတနာဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်အတွင်းရှိ ကဝိရတနာ ဘုန်းတော်ကြီးကျောင်း၌ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံရန် ရောက်ရှိနေကြသော အသက်(၁၈)ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင် စခန်းရှိ သတ်မှတ်စုရပ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှရဟိုင်ကူးတို့ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ အခြေခံစားသောက်ကုန်များလှူဒါန်း

ရခိုင်ပြည်နယ်၊ ဂွမြို့၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှရဟိုင်ကူးတို့ကျေးရွာ ရှေးဟောင်းသမိုင်းဝင်လျှော်ဖြူတောင် လျောင်းတော်မူဘုရားတည်ရှိရာ ကုသလရာမဘုန်းတော်ကြီးကျောင်းသို့ အခြေခံစားသောက်ကုန်များကိုယနေ့ နေ့လည် ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

တနိုင်းမြို့နယ်တွင်အခြေခံပညာအလယ်တန်း၊အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ဆရာ/ဆရာမများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး ဆရာ/ဆရာမများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုကျောင်းကိုယမန်‌့နံနက်(၁၀)ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်

မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု မွေးလူနာနှစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံး၌ အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးအတည်ပြုထားသည့် မွေးလူနာနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ် ထုံမံကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ် ထုံမံကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌ ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးကြောင်း သိရသည်။

ဟင်္သာတမြို့၌ “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ ယမန်နေ့နံနက် (၈)နာရီက ငဖယ်ထူကျေးရွာအုပ်စု ငဖယ်ထူတောင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်တွင် ကျေးရွာအတွင်းရှိ မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အမ်းမြို့နယ်၌ နေရပ်စွန့်ခွာ၍ ခိုလှုံနေသူ(၁၁၃၇)ဦးထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နေရပ်စွန့်ခွာ၍ ခိုလုံနေကြသော အသက်(၁၈)နှစ် အထက် ပြည်သူ(၁၁၃၇)ဦးမှကျန်ရှိနေသော(၄၁၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ရွှေအမ်းတောင်ခန်းမ၌ ယနေ့ နံနက်(၉) နာရီအချိန်က ထိုးနှံပေးလျက်ရှိသည်။
Subscribe to