ပေါက်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်း စကားသံများ

ပေါက်တော အောက်တိုဘာ

 

 

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့ပေါ် စုရပ်များသာမက၊ကျေးရွာများအထိ သတ်မှတ် စုရပ်များ အလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ Volunteer လူငယ်တစ်ဦး၏ ရင်တွင်း စကားသံများကို ဖော်ပြလိုက်ရပါသည်-

         

 

မောင်ညီလင်းခန့်  အသက်- ၂၀ နှစ်

 

  အလယ်ပိုင်းရပ်ကွက်  ပေါက်တောမြို့

 

ကျွန်တော်က မောင်ညီလင်းခန့် အသက်(၂၀)နှစ်ဖြစ်ပါတယ်။ ပေါက်တောမြို့ ကိုဗစ်- ၁၉ ရောဂါတိုက်ဖျက်ရေးနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတေဇဝံသ ဦးဆောင်သော မြို့ပေါ် Volunteer များထဲမှ အသင်း ဝင်တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ Volunteer လူငယ်များဟာ positive လူနာများ သယ်ဆောင်ခြင်း၊ Dead Body သယ်ဆောင် သင်္ဂြိုဟ်ခြင်း၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသော ပြည်သူများကို ထောက်ပံ့ကူညီပေးခြင်းစတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ဆောင်ကြပါတယ်။ အဲဒီလုပ်ငန်းတွေကို လုပ်ဆောင် ကြရာမှာ ကျွန်တော်တို့ Volunteer များဟာ သီးသန့် Camp အဖြစ် တစ်စုတစ်စည်းတည်း နေထိုင်ကြပါတယ်။ ဒီလိုဆောင်ရွက်နေစဥ်အတွင်းမှာဘဲ ကျွန်တော်မြို့မှာ ကိုဗစ်လူနာများ လျော့ နည်းလာတဲ့ အချိန်မှာ ကျွန်တော်မှာ အကြောင်းကိစ္စတစ်ခု ပေါ် လာတဲ့ အတွက် မိမိကိုယ်ကို မသင်္ခါဖြစ်တာကြောင့် ကိုဗစ်ပိုးရှိ မရှိ ပေါက်တောမြို့ ပြည်သူ့ဆေးရုံမှာ ဆေးစစ်ခံယူပါတယ်။ ကံမကောင်းစွာနန့် Positive အဖြေထွက်ရှိခဲ့ပါတယ်။ ကျွန်တော်ဟာ ကိုဗစ်-၁၉ Second Wave ကတည်းက ကိုဗစ်ကာကွယ်ဆေးကို  ()ကြိမ် အောင်မြင်စွာထိုးထားတဲ့အတွက် Positive တွေ့ရှိသော်လည်း ဖျားနာခြင်း၊ အနံ့ပျောက်ခြင်း စသော ကိုဗစ် လက္ခဏာ မခံခဲ့ရပါဘူး၊ မြို့နယ်ပြည်သူ့ဆေးရုံမှလည်း အထူးဂရုစိုက်ပေးကြပါတယ် ဒါကြောင့် ကိုဗစ်ရောဂါ ဖြစ်တိုင်း အလွန်မစိုးရိမ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်အတိုင်း စနစ်တကျ လိုက်နာ နေထိုင်သွကြဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့်နိုင်ငံတော်က အခမဲ့ထိုးပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံသွားကြဖို့ ပြောကြားချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 

  တွေ့ဆုံမေးမြန်းသူ-တင်တင်စိန်