ဟားခါး အောက်တိုဘာ ၆
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမည့်စီမံချက်ပါလုပ်ငန်းစဉ်များအတိုင်း အသက်(၅၅)နှစ်မှ အသက် (၆၄) နှစ်အထိ ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ Ethnic Armed Organization (EAO) နှင့် နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူမျာအား ၅.၁၀.၂၀၂၁ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ မကြာမီကာလအတွင်း အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်၍ လိုအပ်ချက်များ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ Stay at Home မြို့နယ်အဖြစ် သတ်မှတ်သည့် ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ လျော့နည်းကျဆင်းလာသည့်အတွက် အဆိုပါမြို့နယ်များအား Stay at Home မြို့နယ်များအဖြစ်မှ ဖြေလျှော့နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြသွားရန် လိုကြောင်းနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့နည်းကျဆင်းလာ စေရေးအတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ် ငန်းများ၊ သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံပေးနေမှုအခြေအနေ၊ ကာကွယ်ဆေးထိုး မှုမှတ်တမ်း ဆောင်ရွက်ထားရှိမှု ၊ အောက်ဆီဂျင်ရရှိသုံးစွဲမှု၊ ကိုဗစ်-၁၉ ရန်ပုံငွေရရှိသုံးစွဲမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် သံသယလူနာများ သက်ဆိုင်ရာဆေးရုံများသို့ မဖြစ်မနေ သွားရောက်ပြသကြရေး၊ စျေးများ နေ့လယ်(၁၂)နာရီအထိသာ ဖွင့်လှစ်ရောင်းချရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး သက်ဆိုင်ရာဌာနများက စနစ်တကျကြပ်မတ် ရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
ခရိုင် ( ပြန်/ဆက် )