ဒေးဒရဲ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်ရေး၊ ရုံးတွင်း မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြို့၊ ရုံးဌာနများနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းရေမြောင်းများတွင် ရေစီးရေလာ ကောင်းမွန်စေရေး၊ အသက် ၁၂နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် များအား အထူးဂရုပြုဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားဌာနတစ်ခု ချင်း အလိုက်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
အေဇာလင်း