အင်္ဂပူမြို့နယ်တွင်အသက်(၅၅)နှစ် အထက်အဘိုးအဘွားများနှင့် ပြည်သူများအား တတိယအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ကာ ကွယ်ဆေးဆက်လက် ထိုးနှံပေး

အင်္ဂပူ၊  အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် အသက်၅၅နှစ်အထက် အဘိုးအဘွားများနှင့်ပြည်သူ များအားတတိ ယအသုတ်(ပထမအကြိမ်)ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အ ထက -အင်္ဂပူ တွင်ယနေ့နံနက် ၉ နာရီအချိန်မှ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် တတိယအသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ကာကွယ် ဆေးကိုအသက်၅၅နှစ် အထက်အဘိုးအဘွားများ၊ ရဟန်းသံဃာများ၊ ဝန်ထမ်းများ၊ လူမှု‌‌ရေးအသင်းအဖွဲ့များနှင့်‌ ဈေးသူ၊ ဈေးသား ကိုဗစ်-၁၉ ကာကွယ် ဆေးကိုတတိယအသုတ် (ပထမအကြိမ်)အဖြစ် ဆေးထိုးစုရပ်၁၂ရပ်ခွဲပြီး ထိုးနှံပေးခဲ့ကြောင်း နှင့် ကျန်းမာရေးဝန် ထမ်းများကကာကွယ်ဆေးလာရောက်ထိုးနှံသူများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင် ချိန်ပေး ခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ် -၁၉ကာကွယ်‌ရေးနည်း လမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

မန်းကျော်