မိုးညှင်း အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပါးစပ်နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို အောက်တိုဘာ (၆)ရက် နံနက် (၉)နာရီက အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးနှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်လူနေအိမ်ရပ်ကွက်များ၊ လူစည်ကားရာနေရာ များဖြစ်သည့် မြို့မစည်ပင် သာယာစျေးနှင့် လမ်းဆုံလမ်းခွနေရာများတွင် စျေးရောင်းစျေးဝယ်နေကြသည့် ပြည်သူများနှင့် ဖြတ်သန်းသွားလာ နေကြသည့် ပြည်သူများအား ကိုဗစ်−၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများအနေဖြင့်လည်း ကျန်းမာရေးလမ်းညွှန်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး စည်းကမ်းချက်များကို စနစ်တကျလိုက်နာဆောင်ရွက်နိုင် စေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် သဘာ ဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်