မင်းပြား အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့၌နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေး အသိပညာပေးဟောပြောသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းအုပ်ကြီးဦးကျော်ကျော်စိုး နှင့် ဒုတိယကျောင်းအုပ်၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်၊ လက်ထောက်ဦးစီးမှူးနှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဘာသာရပ်၊ အသိပညာ ပေးဟောပြောခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးဘာသာရပ်များ၊ လက်တွေ့မီးငြိမ်းသတ်နည်းများ၊ ငလျှင်ဇာတ်တိုက် လေ့ကျင့် မှုနှင့်ရေစိုလေ့ကျင့်ခန်း များအား အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများကို သရုပ်ပြလေ့ကျင့်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်