ဝါးခယ်မ အောက်တိုဘာ ၆
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူ့ဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန မှမြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့်ဆောင်ရွက် ပေးလျက်ရှိရာ ကက လကျေးရွာ အုပ်စုရှိပြည်သူများအား ယမန်နေ့ကအဆို ပါကျေးရွာမူလတန်းကျောင်းတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာ နေပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၁၆)ကတ်၊ အသက် (၁၈)နှစ်ပြည့် (၂၀)ကတ်၊ လဲလှယ်(၂၉)ကတ်၊မိတ္တူ(၁၅)ကတ်၊စုစုပေါင်း(၈၀) ကတ်နှင့်ရွှေပြောင်း အိမ်ထောင်စုဦးရေစာရင်း (၁)ခု ဆောင်ရွက် ပေး နိုင်ခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် ဝါးခယ်မမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး လျက်ရှိပြီး ကျန်ရှိနေသောဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအား ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
စောသန္တာဦး