ရေဦး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စက်မှုလယ်ယာရုံး၀င်းအတွင်းယာယီတည်ဆောက်ထားသော အောက်ဆီဂျင်ထုတ်စက်ကို ယနေ့ နံနက်ပိုင်းက စတင်စမ်းသပ်လည်ပတ်နေပြီဖြစ် ကြောင်းသိရသည်။
အဆိုပါအောက်ဆီဂျင်ထုတ်စက်ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လာစာရ၊ မုဒိတာရွှေကျောင်းဆရာတော် (USA) ဦးဆောင်မှုနှင့်အတူ ပြည်ပရောက် ရေဦးမြို့သူမြို့သားများ၊ ဒေသခံအလှူရှင်များ ထည့်၀င်လှူဒါန်းငွေဖြင့် အကောင်အထည်ဖော်တည် ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အောက်ဆီဂျင် စတင် စမ်းသပ်ထုတ်လုပ်မှု အရည်အသွေးအနေဖြင့်ယနေ့ အောက်ဆီဂျင်အိုး ၃၅ လုံးထိစမ်းသပ်ထုတ်လုပ်ခဲ့ရာ ၉၄ ရာခိုင်နှုန်းထိ ကောင်းမွန်ကြောင်း၊ ထုတ်လုပ်သည့် အောက်ဆီဂျင် အိုးများကို မြို့နယ်ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ စမ်းသပ်ထုတ်လုပ်မှု ရာနှုန်းပြည့်အောင်မြင်ပါက ဆရာတော်ကြီးထံဩဝါဒခံယူပြီး ဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နေ့စဉ်အောက်ဆီဂျင် ထုတ်လုပ် ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီတာ၀န်ရှိသူ တစ်ဦးက ပြောသည်။
မြို့နယ်(ပြန်/ဆက်)