ဟင်္သာတမြို့၌ “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

                                ဟင်္သာတ၊ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ  “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ   ယမန်နေ့နံနက် (၈)နာရီက ငဖယ်ထူကျေးရွာအုပ်စု ငဖယ်ထူတောင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်တွင် ကျေးရွာအတွင်းရှိ မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် ပုံစံ၆(က) (၁၀)ဦး၊ ပုံစံ ၃(က)မှ ၆(က)လဲလှယ်သူ (၃)ဦး၊ ပျောက်ဆုံး/ပျက်စီး လဲလှယ်သူ(၃၃)ဦးနှင့် မိတ္တူ (၄၁)ဦး စုစုပေါင်း လူဦးရေ(၈၇)ဦး စသည်တို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နောက်နေ့များတွင် နတ်မော်ကျေးရွာ အုပ်စုနှင့်ဓမ္ဘီကျေးရွာ အုပ်စုများသို့ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန မှ သိရသည်။

 

ကိုဇော်