အမ်းမြို့နယ်၌ နေရပ်စွန့်ခွာ၍ ခိုလှုံနေသူ(၁၁၃၇)ဦးထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

 

အမ်း   အောက်တိုဘာလ  ၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နေရပ်စွန့်ခွာ၍ ခိုလုံနေကြသော အသက်(၁၈)နှစ် အထက် ပြည်သူ(၁၁၃၇)ဦးမှကျန်ရှိနေသော(၄၁၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ရွှေအမ်းတောင်ခန်းမ၌ ယနေ့ နံနက်(၉) နာရီအချိန်က ထိုးနှံပေးလျက်ရှိသည်။

 

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစား(၅၇၀)လုံးရရှိ၍ ပဲပဒုံတိုက်ပွဲရှောင်စခန်း(၁)၊ မိုးလုံလေလုံအားကစားခန်းမ တိုက်ပွဲရှောင်စခန်း(၂)၊ ကမ်းဒိတ်ဓမ္မာရုံ နှင့် အမှတ်(၃)ဈေးရပ်ကွက်၊ ဈေးတောင်ရပ်ကွက်၊ လေယာဉ်ကွင်း ရပ်ကွက်၊ ပျဉ်းတောကျေးရွာ များရှိ ဆွေမျိုးများနေ အိမ်တို့တွင် ခိုလှုံနေကြသော  အသက်(၁၈)နှစ် အထက် နေရပ်စွန့်ခွာပြည်သူ (၁၁၃၇)ဦးထိ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးစည်းကမ်းချက် များနှင့်အညီ ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်ကျော်မိုးနှင့် ဝန်ထမ်းများ၊ အမျိုးသမီရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ဝင်းအိမွန်