တနိုင်းမြို့နယ်တွင်အခြေခံပညာအလယ်တန်း၊အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ဆရာ/ဆရာမများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

                                        တနိုင်း အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး ဆရာ/ဆရာမများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုကျောင်းကိုယမန်‌့နံနက်(၁၀)ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)မှ အသက်(၁၂)အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးကျောင်းများတွင်ဆေးထိုးစုရပ်အလိုက်ဖွဲ့စည်းထားကြောင်း၊ အောက်တို ဘာလအတွင်း ကျောင်းသားကျောင်းသူများ ဆေးအပြီးထိုးဖို့ရှိကြောင်း၊စာသင်ခန်းထဲ ဝင်သူ ကျောင်းသား ကျောင်းသူ တိုင်းကာကွယ်ဆေးထိုးပြီးသားဖြစ်ရမယ်ဖြစ်ကြောင်း အမှာစကား ပြောကြား ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းမှ အသက်(၁၂)အထက အခြေခံပညာ အထက်တန်း အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုနှံနိုင်ရန် စာရင်း ဇယားများ တိကျမှန်ကန်စွာ ဖြည့်သွင်းပေးဖို့၊ ကာကွယ်ဆေးထိုးရန်အခက်အခဲမရှိစေရန် နီးစပ်ရာ ကျောင်းများမှာပေါင်းစပ်ပေးထားကြောင်း၊ဆေးထိုးရာတွင်ကွန်ပျူတာထဲမှာ သတ်မှတ်ပုံစံ အတိုင်း အမည်၊အဖအမည်၊မွေးသက္ကရာဇ်များ စတဲ့အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းကြရန် ဆရာ/ ဆရာမ များအား ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ ဗိုလ်မှူးတေဇာအောင်၊ လဝက ဦးစီးအရာရှိ ဦးအောင်တိုး၊ စီမံကိန်းဦးစီးမှူး ဒေါ်တင်တင်မြိုင်၊ မြို့နယ် ပညာရေးမှူးဒေါ်ရွှေနယ်ဇိန်း၊မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဝါဦး၊ ဌာနဆိုင်ရာများ တနိုင်းနယ်အတွင်းရှိ ကျောင်းအုပ် ဆရာဆရာမကြီးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝါဝါ

 

                                                                                                                  ဝါဝါ(ပြန်/ဆက်)