မုဒုံမြို့နယ် ထုံမံကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းဆောင်ရွက်

မုဒုံ အောက်တိုဘာ  ၆

 

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  ယနေ့ နံနက် ၉ နာရီက  မုဒုံမြို့နယ် ထုံမံကျေးရွာရှိ   အခြေခံပညာ  မူလတန်းကျောင်း၌   ဒေသခံပြည်သူများကို    နိုင်ငံသားစိစစ်ရေးကတ်ပြားများ   အခမဲ့ကွင်းဆင်း    ပြုလုပ်ဆောင်ရွက် ပေးကြောင်း သိရသည်။

 

အဆိုပါ  ပန်းခင်းစီမံချက်ဖြင့်   ဒေသခံပြည်သူများကို     လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့ အင်အားဝန်ကြီးဌာန   မြို့နယ်ဦးစီးမှူးရုံးမှ   ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးရာ  ထုံမံကျေးရွာတွင်  ပြည်သူ(၇၅)ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသည်။

 

မုဒုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို  လူဦးရေ (၂၂၂၄၈) ဦး ပြုလုပ်ဆောင်ရွက်ပေးရန်  လျာထားကြောင်း ၂၀၂၁ ခုနှစ် မေလ ၃ ရက် နေ့မှ သတ်မှတ်ကာလ အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း   ယနေ့ထိ ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်း (၂၄) ရွာအုပ်စုရှိ ပြည်သူ ၃၀၀၀ ကျော်ကို   ကွင်းဆင်းဆောင်ရွက်ပေးပြီးဖြစ်ကြောင်း   မြို့နယ်ဦးစီးမှူးရုံးထံမှ  သိရ သည်။

 

အောင်မျိုးသူ(ပြန်/ဆက်)