ဂွမြို့၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှရဟိုင်ကူးတို့ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ အခြေခံစားသောက်ကုန်များလှူဒါန်း

ဂွ        အောက်တိုဘာ   ၆

 

ရခိုင်ပြည်နယ်၊ ဂွမြို့၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှရဟိုင်ကူးတို့ကျေးရွာ ရှေးဟောင်းသမိုင်းဝင်လျှော်ဖြူတောင် လျောင်းတော်မူဘုရားတည်ရှိရာ ကုသလရာမဘုန်းတော်ကြီးကျောင်းသို့ အခြေခံစားသောက်ကုန်များကိုယနေ့ နေ့လည် ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရဟိုင်ကူးတို့ကျေးရွာရှိ ကုသလရာမဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးကုသလ ရာမထံသို့အခြေခံစားသောက်ကုန်များဖြစ် သည့်ဆန်(၁)အိတ်၊ကြက်သွန်(၁၀)ပိဿာ၊ ဆီ(၁)ပိဿာ၊ကြက်ဥအလုံး(၁၀၀)၊အိုဗာတင်းနှင့်လက်ဖက်ခြောက်တို့ကိုလှူဒါန်း ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်