ကျောက်တော်မြို့ရှိ ကဝိရတနာဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ကျောက်တော်  အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်အတွင်းရှိ ကဝိရတနာ ဘုန်းတော်ကြီးကျောင်း၌ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံရန် ရောက်ရှိနေကြသော အသက်(၁၈)ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင် စခန်းရှိ သတ်မှတ်စုရပ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်ကာကွယ်ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယာယီတိုက်ပွဲရှောင်စခန်းရှိ အသက်(၁၈)နှစ် အထက် ကျေးလက်နေပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း စသောကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးခြင့်နှင့် ကာကွယ်ဆေးထိုးနှံပြီးသူများအား မီနစ်(၃၀)ခန့် အနားယူစောင်ကြည့်ခြင်းများ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။ ဆက်လက်၍ ကဝိရတနာဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းမှ အသက်(၁၈) နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများအား ဒုတိယ အကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်နေပူခံတိုက်ပွဲရှောင်စခန်းတာဝန်ခံများ ပူးပေါင်းကာ ကိုဗစ်ကာကွယ်ဆေးများဆက် လက် ထိုးနှံပေးလျက်ရှိပြီး  ယနေ့အထိ ကဝိရတနာဘုန်းတော်ကြီးကျောင်း ယာယီတိုက်ပွဲရှောင် စခန်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူ(၇၅၄)ဦးအား (Sinopharm)  ကိုဗစ်ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)