မုံရွာ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ စက်တင်ဘာလအတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ မှကျပ်သန်း (၄၀၀)ကျော် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ မုံရွာမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ(၈)ရွာရှိ အိမ်ထောင်စု (၁၁၁၅)စုကို ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ကျပ်သန်း(၄၂)သန်းမှ အများဆုံးကျပ်သန်း (၆၄)သန်းအထိ စုစုပေါင်းကျပ်သန်း(၄၀၀)ကျော်ကို စက်တင်ဘာလအတွင်း စီမံကိန်းရန်ပုံငွေမှ ပြန်လည်ထုတ် ပေးခဲ့ခြင်း ဖြစ်သည်။
"မုံရွာမြို့နယ်မှာ မြစိမ်းရောင်စီမံကိန်းကို၂၀၁၄-၂၀၁၅ လောက်ကနေစပြီးတော့ အကောက်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့စက်တင်ဘာလမှာဆိုရင် ကျေးရွာပေါင်း (၈)ရွာမှ ပဉ္စအကြိမ်နဲ့ဆဌမအကြိမ် အဖြစ် စီမံကိန်းရန်ပုံငွေကိုလည်း ကျပ်သန်း(၄၀၀)ကို ပြန်လည်ထုတ်ချေး ပေးခဲ့တာ ဖြစ်ပါတယ်" ဟုမုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပြောသည်။
မုံရွာမြို့နယ်တွင် ၂၀၂၁ခုနှစ်စက်တင်ဘာလအတွင်း ကျေးရွာတစ်ရွာချင်းအလိုက် ရန်ပုံငွေထုတ်ချေး ပေးမှု အနေဖြင့် ပလ္လင်မြောက်ကျေးရွာတွင် အိမ်ထောင်စု(၁၈၈)စုကို ရန်ပုံငွေကျပ် သန်း(၆၄.၄၅)သန်း၊ ရှင်ငါးဆယ် ကျေးရွာတွင် အိမ်ထောင်စု(၁၆၈)စုကို ရန်ပုံငွေကျပ်သန်း (၅၂)သန်း၊ လှည်းဒါးကျေးရွာတွင် အိမ်ထောင်စု(၁၂၂)စုကို ရန်ပုံငွေကျပ်သန်း(၄၄.၈)သန်း၊ တွင်းချောင်းကျေးရွာတွင် အိမ်ထောင်စု (၉၂)စုကို ရန်ပုံငွေကျပ်သန်း (၄၈.၆၆)သန်း၊ တဲတိုက်ကျေးရွာတွင် အိမ်ထောင်စု(၉၃)စုကို ရန်ပုံငွေကျပ်သန်း (၄၄.၈၇၆)သန်း၊ ရေလည်ကျွန်း ကျေးရွာတွင် အိမ်ထောင်စု(၁၁၉)စုကို ရန်ပုံငွေကျပ်သန်း (၄၂.၁၉၅)သန်း၊ ကြီးဗဒုံကျေးရွာတွင် အိမ်ထောင်စု(၁၆၀)စုကို ရန်ပုံငွေကျပ်သန်း (၅၃.၆၅)သန်း၊ အနောက်ပျံကျကျေးရွာတွင် အိမ်ထောင်စု(၁၈၃)စုကို ရန်ပုံငွေကျပ်သန်း(၅၀) သန်း၊ စုစုပေါင်းအိမ်ထောင်စု (၁၁၁၅)စုကို ရန်ပုံငွေကျပ်သန်း(၄၀၀.၆၁၈)သန်းကို ပြန်လည်ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။
မုံရွာမြို့နယ်တွင် ရပ်ကွက်(၃၁)ရပ်ကွက်၊ ကျေးရွာ (၅၄)အုပ်စု၊ကျေးရွာ(၁၇၁)ရွာရှိကာ ပြီးခဲ့သည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်း (၃၀)ယူနစ်၊ ကျေးရွာပေါင်း(၃၃)ရွာ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၃၃)ရွာ၊ Cash For Work စီမံကိန်း(၇)ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(၆)ရွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ထိန်လင်း-မုံရွာ