မြောက်ဦး အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ် ထားသော တိုက်ပွဲရှောင်စခန်းများ၌ လာရောက်ခိုလှုံ ရန်ရောက်ရှိနေကြသည့် ကျေးရွာအသီးသီးမှ အသက်(၁၈)နှစ်အထက်ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinop harm)ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က သတ်မှတ်စုရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေး (Sinopharm) ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများမှ အသက်(၁၈)နှစ်အထက်ကျေးလက်နေပြည်သူများကို မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးမထိုးနှံမှီ လိုအပ်သော ကျန်းမာ ရေးစောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေး ခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် ပမာဏပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီဖွင့်လှစ် ထားသော တိုက်ပွဲရှောင်စခန်းများဖြစ်သော ထမ္မရာဇ်အုပ်စု၊ လေးမြို့စား ယာယီတိုက်ပွဲရှောင်စ ခန်းနှင့်လော်ကမူအုပ်စု ၊ ဘုရားပေါ်ဘုရားသိမ်ယာယီတိုက်ပွဲရှောင်စခန်းများရှိ အသက်(၁၈)နှစ် အထက်ကျေးလက်နေပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်း ဦးဆောင်သော မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲ ရှောင်စခန်းများမှ စခန်းတာဝန်ခံများပူးပေါင်း၍ တိုက်ပွဲ ရှောင်ပြည်သူများကို (Sinopharm) ကိုဗစ်ကာကွယ်ဆေးများအား ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန် ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရော ဂါဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကာကွယ် ဆေးများဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုး နှံပေးပြီးနောက် မိနစ် (၃၀)ခန့်စောင့်ကြည့် ခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက် ပိုင်းအထိ မြို့ပေါ်ရပ်ကွက် များရှိ တိုက်ပွဲ ရှောင်စခန်း(၂)ခုမှ အသက်(၁၈)နှစ်အထက် ကျေးလက် နေပြည်သူ(၁၃၂)ဦးအား (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများ ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း