မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

မြစ်သား အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို    မြို့နယ် လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာန စုရပ်နေရာများ၌ စက်တင်ဘာ (၂၄) ရက် နေ့မှစ၍ နေ့စဉ် နံနက် (၉) နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေမာနွယ်နှင့် သူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး မြစ်သားမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးခိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ နေရာချထား ပေးခြင်း၊ စနစ်တကျစာရင်းပေးသွင်းခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် နေခြင်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး၊ စက်တင်ဘာ(၆)ရက် ယနေ့တွင် မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမစုရပ်၌ (၂၂၀) ဦး၊ ကူမဲ စုရပ်(၁၀၀)ဦး၊ ရေဝန်းစုရပ် (၁၁၀)ဦး၊ ဆင်းကွတ်စုရပ်(၁၈၅)ဦး၊ ရွာခိုင်ကြီးစုရပ်(၃၀၀)၊ သပြေတောင်းစုရပ်(၂၃၀)ဦး၊ မိုင်းမောစုရပ်(၁၃၅)ဦး မင်းဝံစုရပ်(၃၅၀)ဦး မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဌာနခွဲ စုရပ်(၈) နေရာမှ (၅၅) နှစ်နှင့် အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း (၁၆၃၀) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၀၄၅၅)ဦးရှိပြီး အခြားကျန်ရှိ နေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအုပ်စုအလိုက် နေ့စဉ် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မြမြမွန်(မြစ်သား)