ကလိန်အောင်မြို့တွင် အသက် (၄၀)နှစ်နှင့်အထက်ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကလိန်အောင် အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်ကလိန်အောင်မြို့အတွင်းရှိ အသက်(၄၀) နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်()နာရီအချိန်ခန့်တွင် က--က၊ ကလိန်အောင်ကျောင်းခန်းမ၌ စနစ်တကျထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၄၀)နှစ်နှင့်အထက် ပြည်သူ (၂၅) ဦးအား မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ Oxygen တိုင်းပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ၊ ကျန်းမာရေးအခြေအနေအပေါ် မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကလိန်အောင်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အနီးကပ်ကြီးကြပ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလိန်အောင် (ပြန်/ဆက်)