တကောင်း အောက်တိုဘာ ၈
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ရှိ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ မကျီးကုန်းကျေးရွာနှင့် ကျောက်အိုက်ကျေးရွာရှိ အသက်(၁၈)နှစ် နှင့်အထက် ဒေသခံပြည်သူများအား သတ်မှတ် စုရပ်များတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူ (၂၄၁) ဦးအား ကျန်းမာရေး ဦးစီးဌာနမှ သက်မှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ရာ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းကာ ဆောင်ရွက်ခဲ့ ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများသို့လည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူ(၁)ဦးထံမှ သိရသည်။
သီရိအောင် (တကောင်း)