ကော့ကရိတ်မြို့၌ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား RTD ဖြင့် ကိုဗစ် - ၁၉ ရောဂါ ရှိ / မရှိစစ်ဆေး

ကော့ကရိတ် အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကော့ကရိတ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊  ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဆွေ၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဝင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင့်ထူးနှင့် မြို့နယ်ကျန်းမာရေးမှူး ဒေါ်မျိုးပပလှိုင်တို့က ယမန်နေ့ ညနေ ၂ နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက် မြို့မစျေးထောင့် နာရီစင်လမ်းဆုံနှင့် အမှတ် (၄) ရပ်ကွက် တောင်ပေါ်ကျောင်းလမ်းဆုံတို့၌   ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား RTD Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ကြီးကြပ် ၂ ဒေါ်နော်အေးအေးမြင့် ဦးဆောင်သော အဖွဲ့မှ မြို့မစျေးထောင့် နာရီစင်လမ်းဆုံနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာန ကြီးကြပ် - ၂ ဒေါ်မေမြတ်မွန် ဦးဆောင်သောအဖွဲ့တို့မှ  အမှတ် (၄) ရပ်ကွက် တောင်ပေါ်ကျောင်းလမ်းဆုံးတို့၌ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူ  (၁၀၀) ဦးတို့အား RTD Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးခဲ့ရာတွင် ရောဂါပိုးတွေ့ရှိသူမရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)