ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဘောဂလိ အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နမှ ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့်  မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှ လာသောဧည့်သည်များ လက်မခံပါရန်၊ အခြား သူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို  စကောကရင်ဘာသာနှင့် မြန်မာဘာသာ တို့ဖြင့် ရပ်ကွက်အတွင်း လိုက်လံနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အနီးကပ်ကြီးကြပ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလိန်အောင် (ပြန်/ဆက်)