မလှိုင်မြို့နယ်အတွင်း နယူးဇီလန်အစိုးရ၏ အထောက်အပံ့ဖြင့် ကျွဲ၊ နွား ခွာနာ လျှာနာရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံ
နယူးဇီလန်အစိုးရ၏ အထောက်အပံ့ဖြင့် မလှိုင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီဌာနနှင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) တို့ပူးပေါင်း၍ အဌမအကြိမ်မြောက် ကျွဲ၊ နွားခွာနာ လျှာနာ ရောဂါ ကာကွယ်ဆေးများကို မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၈)အုပ်စုသို့ အောက်တိုဘာ (၁)ရက်နေ့မှ စတင်၍ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။