အထက်မင်းလှ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆေး ပထမနေ့စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထား သည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈ နှစ်အထက်ရှိသူများ၊ မသန်စွမ်း သူများ နှင့်နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သောရောဂါရှိသူများအပါအဝင် သတ်မှတ်ဦးစား ပေးအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများ ကဆောင်ရွက် ပေး လျက်ရှိရာ=ကာကွယ်ဆေးထိုးနှံရန်သတ်မှတ်ထားသည့်စုရပ်များသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ကကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရန် မင်းလှမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံးရေ ၂၇၉၀ လုံးရရှိ သဖြင့် လူဦးရေ ၁၃၉၅၀ ဦးအားထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)