မိုင်းပျဉ်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့လယ်ဓမ္မာရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို မိုင်းပျဉ်း မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူ (၂၁၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းမပြုမီ သက်ဆိုင်ရာ ရပ်/ကျေးစာရေးများက စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့သည်။
မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေး လျက်ရှိပြီး မြို့ပေါ်နေ ပြည်သူများအား မြို့လယ်ဓမ္မာရုံ၌ စုရပ်ထား၍လည်းကောင်း၊ ကျေးရွာနေ ပြည်သူများအား သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ စုရပ်ထား၍ လည်းကောင်း ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း