မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပြည်သူ(၂၅၉၈၁)ဦးကို ထိုးနှံပေးပြီးဖြစ်

မြင်းခြံ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် အဖြစ် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံ နှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ (၇)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

မြင်းခြံမြို့နယ်တွငါ အောက်တိုဘာ ၈ရက်နေ့တွင် မြင်းခြံမြို့နယ်မှ အသက်(၅၅)နှစ်အထက် ပြည်သူ(၃၀၀၈)ဦးကို  ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး ပေးနိုင်ခဲ့သည်။

အဆိုပါ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၂၅၉၈၁)ဦးရှိပြီး အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် ဦးစားပေးအလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်