ဝါးခယ်မ အောက်တိုဘာ ၉
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မြို့ပါတ်လမ်း၊ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့် ဝန်ထမ်းများအား ယနေ့နံနက် (၁၀)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်စန္ဒာနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၁) ဦးမြတ်မင်းထွေးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက ရိပ်သာရှိ အဘိုး (၂)ဦး၊ အဘွား(၁၁)ဦးနှင့် ဝန်ထမ်းနှင့်် မိသားစု(၇)ဦး၊ စုစုပေါင်း (၂၀)ဦးတို့အား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆီချိုသွေးချိုရောဂါများ စစ်ဆေးပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) များ (ပထမအကြိမ်)အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
စောသန္တာဦး