ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊စကောကရင်ဘာသာ၊မြန်မာဘာသာဖြင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကျိုက်ဒုံ အောက်တိုဘာ ၁၂

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် ယနေ့ နံနက် ၈ နာရီက (ပြန်/ဆက်)ဝန်ထမ်းများ၊ မီးသတ်အဖွဲ့များက မြို့ပေါ်ရပ်ကွက်များ တွင် ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ ၊မြန်မာ ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမှုများ ဆောင်ရွက်ရာမှာ ပြည်သူများ အနေဖြင့် မိမိနေအိမ်များတွင် သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့်ပြင်ပသို့ ထွက်ခွါပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှ လာသော ဧည့်သည်များအား လက်မခံ ပါရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း ၊ဈေးဝယ်ခြင်းမှ ရှောင်ကြဉ် ရန်၊လူစုလူဝေးပြုလုပ်ခြင်းနှင့်သွားလာခြင်းများကိုရှောင်ကြဉ်ရန်စသည့်အသိပညာပေးနှိုးဆော်ချက်များအား လိုက်လံ နိုးဆော် ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)