ရေဖြူ အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊အ-ထ-က ရေဖြူ၊အ-ထ-က ကံပေါက်၊ အ-ထ-က ကလိန်အောင် စုရပ်များအပြင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ များအား ယမန်နေ့နံနက်(၉)နာရီအချိန်က ရေဖြူမြို့နယ် ၊ဧကနိကျေးရွာ အုပ်စု၊အ-ထ-က ဧကနိ တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်အထက်ပြည်သူများအား မြို့နယ် ကျန်းမာရေးဝန် ထမ်းများမှအပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ Oxygen တိုင်းပေးခြင်း တို့ကိုပြုလုပ်ဆောင်ရွက်ပေးပြီး ၊ ကျန်းမာရေး အခြေအနေ အပေါ်မူ တည်၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုဆောင်ရွက်ရာတွင် အ-ထ-ကဧကနိဆေးထိုးစုရပ်တွင် စုစုပေါင်း (၃၆၅)ဦးအား ထိုးနှံပေးခဲ့ရာ ရေဖြူမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယဦးစီးမှူး ဦးသိန်းစိုးက အနီးကပ် ကြီးကြပ်ကာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များ၊ ကျေးရွာပရဟိတ အသင်းသားများကဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ရေဖြူ (ပြန်/ဆက်)