ဒီပဲယင်းမြို့နယ်တွင် မိုးမြေပဲစိုက်တောင်သူများ အထွက်နှုန်းကောင်း ဝင်ငွေကောင်း၍ စီးပွားရေး အဆင်ပြေလျက်ရှိ

 

ဒီပဲယင်း  အောက်တိုဘာ   ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်တွင်   နှစ်စဉ်မိုးစပါး ၊ နွေစပါး ၊ မိုးမြေပဲ ၊ ဆောင်းမြေပဲ ၊ နွေနှမ်း ၊ မိုးကြိုနှမ်း ၊ ပဲတီစိမ်း ပဲစဉ်းငုံ စသည့်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိကြပြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးမြေပဲစိုက်ပျိုးရာသီတွင် မိုးမြေပဲစိုက်ဧက ၃၁၂၁၁ ဧကလျာထားခဲ့ရာ လအလိုက ်မိုးရွာသွန်းမှု ကောင်းသဖြင့် ကွင်းပိတ်ချိန်တွင် မြေပဲစိုက်ဧက ၃၆၀၀၆ ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးဦးစီးဌာနမှသိရသည်။

 

ယခုနှစ်မိုးရာသီတွင် မြေပဲစိုက်တောင်သူများအနေဖြင့် မိုးဦးကောင်းခဲ့၍ မြေပဲစိုက်ချိန်မေလလယ်တွင် မြေပဲခင်း များကို စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကလျှင် မြေပဲဆန်မျိုးစေ့ တစ်တင်းခွဲစိုက်ပျိုးရပြီး လုပ်အားခ ၊ စိုက်စရိတ်နှင့် ဓာတ်မြေ ဩဇာ ၊ ပိုးသတ်ဆေး ၊ ပေါင်းရှင်း ၊ ထယ်ရေးလိုက်စသည့် စိုက်စရိတ်ကုန်ကျငွေ စုစုပေါင်း သုံးသိန်းကျော် ကုန်ကျပါတယ် ၊ တစ်ဧက ထွက်နှုန်း  ၅၀ တင်းမှ ၁၀၀ တင်းအကြားထွက်ရှိပါတယ် ၊ပထမတန်းစားမြေတွင်စိုက်သည့်မြေပဲခင်းများကတော့ တစ်ဧက တင်း ၁၀၀ ထွက်ရှိပါတယ် ၊ မြေပဲဆွတ်သိမ်းချိန်တွင် တစ်နေ့လုပ်အားခကိုမြေပဲတောင့်ပြန်ပေးရပါတယ် ၊  မြေပဲတောင့်တစ်တင်း ရအောင်နုတ်နိုင်သူကို မြေပဲတောင့် ၄ ပြည်ပေးရသည်အတွက် အလုပ်သမားများ လည်းမြေပဲများရကြ၍ အဆင်ပြေမှုရှိကြောင်းနှင့် မိုးမြေပဲစိုက်ခင်းများ အောင်မြင်င်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းသဖြင့်မြေပဲစိုက် တောင်များနှင့်အလုပ်သမား နှစ်ဦးနှစ်ဖက် စီးပွားရေး အဆင်ပြေ ကြောင်း အင်ဘုတ်ကျေးရွာ မြေပဲစိုက် တောင်သူ တစ်ဦးကပြောပြပါသည်။

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြေပဲစိုက်တောင်သူများအား အထွက်ကောင်းသော မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရန်  အစေ့ထုတ်ကွက်စိုက်ပျိုးခြင်းမြေပဲစိုက်ခြံများနှင့်ချိတ်ဆက်၍ မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း များဆောင်ရွက်ခြင်း ၊ မြေပဲတွင်ကျရောက်တတ်သော မှိုရောဂါနှင့် မြေပဲရွက် လိပ်ရွက်ကပ်ပိုးများအတွက် ဘက်စုံပိုးပွား ရောဂါကာကွယ်နိမ်နင်းခြင်း နည်းစနစ်များ၊ စိုက်ပျိုး ထုတ်လုပ်ရေး အတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ ကိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦး‌အေးမင်းထွန်းနှင့် စိုက်ပျိုးရေး ပညာပေးကွင်းဝန်ထမ်းများက​ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

မြို့နယ်(ပြန်/ဆက်)