ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်လာသူ၏ ရင်တွင်း စကားသံ

ပုလော  အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ် ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး၊ ကိုဗစ် -၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသူ ဦးထူးထူး ၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။

 

ဦးထူးထူး ( တပ်သား )  မီးသတ်တပ်ဖွဲ့။       ။ကျွန်တော်နာမည် ဦးထူးထူးဖြစ်ပါသည်။ ပုလောမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်သားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ခရီးသွားပြီး ပြန်လာ တာပါ။ ခရီးအတူစီးခဲ့တဲ့ အစ်ကိုတစ်ယောက်မှာ ကိုဗစ် ပိုးတွေ့ရှိကြောင်း ဖုန်းဖြင့် အကြောင်း ကြားလာရာ ကျွန်တော်တို့ရဲ့ ဆရာက စစ်ဆေး ခိုင်းလို့ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့ ရှိ၍ ပုလောမြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ဖွင့်လှစ်ထားတဲ့ ကိုဗစ် ကုသရေးစင်တာ တွင်သွားရောက် ဆေးကုသမှု ခံယူခဲ့ပါတယ်။ စင်တာရောက်တော့ ကျွန်တော် ဖျားတယ်ဗျာ့ အနံ့လည်း (၃)ရက်လောက် ပျောက်သွားတယ်။ စိုးရိမ်မိတာ တော့ အမှန်ပဲ ကြောက်တာ ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်စိတ်ကို ဖြေဖျောက်ပြီး နေတယ်။ ပျော်အောင်နေတယ်။ အစာစား တယ်။ ဆေးသောက်တယ်။  အသက်ကိုလည်းဝအောင်ရှုတယ်။ ကျန်းမာရေး လေ့ကျင့်ခန်း လည်း ပြုလုပ်တယ်။ စင်တာမှာ စောင့်ရှောက်ပေးတဲ့ ဆရာမတွေ စေတနာ့၀န်ထမ်းတွေက လည်း ဂရုစိုက်ကြပါတယ်။ အစား အာဟာရ ပြတ်လပ်မှု မရှိ၊ ဆေးဝါး စတာ အထွေထွေ လိုလေသေး မရှိအောင် အသေးစိတ်ကအစ ဂရုစိုက်ကြပါတယ်။ ကိုဗစ် ကာကွယ်ဆေးကတော့ ရောဂါ ကူးစက်ခံရစဉ်က ထိုးထားပြီးသားပါ။ ဒါကြောင့်ထင်တယ်  ဆိုးဆိုးရွားရွား မခံစားရပါဘူး ကြောက်တဲ့စိတ်ကို ဖယ်ရှားလိုက်ပြီး၊ မိမိကိုယ်ကို ကျန်းမာရေး စောင့်ရှောက်မှု ပြုနိုင်ရန် ကိုဗစ် ရောဂါ ကူးစက်ခံရသော်လည်း ရင်ဆိုင် တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ယခုအခါ နိုင်ငံတော်က မည်သူကို မဆို အသက် (၁၈) နှစ်ပြည့်ပြီးပါက ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ သွားရောက်ထိုးနှံကြဖို့ ဆေးထိုးထားခဲ့ရင်  ရောဂါကူးစက်ခံရပါက ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးခံစားရမှု နည်းနိုင်တာ ကြောင့် ဆေးထိုးကြပါ။ ယခု (၁၂)နှစ်အထက် ကလေးများကိုလည်း ဆေးထိုးပေးမယ်လို့ ကြားသိရတာ ကလေးများအတွက် အတိုင်းမသိ၀မ်းသာပါတယ်။ ဒါမှ သူတို့လေးတွေရဲ့ ပညာရေးကို ဆက်လက်သင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား/သူများကို ကာကွယ် ဆေးထိုးနှံနိုင်ရေး မိဘအုပ်ထိန်းသူများက ဝိုင်းဝန်ကူညီပေးကြစေ လိုကြောင်း ပြောကြား လိုပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

 

အေးအေးမော်(ပုလော)