ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ မထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံ

ရေစကြို အောက်တိုဘာ ၁၁

 

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် မထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက်  မြို့နယ်အတွင်းရှိကျေးရွာများမှ ပြည်သူများကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက် ရှိသည်။

 

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ပထမ အကြိမ်မထိုးနှံရသေးသည့် ရေစကြိုမြို့နယ်အတွင်းရှိ  ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၈၅ အုပ်စု၊ ကျေးရွာပေါင်း၂၄၅ ရွာရှိ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူ ၁၈၀ ဦးခန့်လာရောက်ထိုးနှံကြသည်။

 

အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင်ဗိုလ်မှူးညီညီအောင်၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်း ရေးမှူး ရဲမှူးတင်လတ်နှင့် မြို့မိမြို့ဖများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

နော်နော် (ချင်းတွင်းသား)