ပေါက်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား တတိယအသုတ် ပထမအကြိမ်အဖြစ် Covid-19 ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ယနေ့အထိ ၁၂၆၀ ဦး ရှိပြီဖြစ်

 ပေါက်   အောက်တိုဘာ   ၁၂

 

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား တိယအသုတ် ပထမအကြိမ်အဖြစ် Covid-19 ရောဂါ ကာကွယ်ဆေးကို ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်စကားခန်းမတွင် နေ့ နံနက် နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

  အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစု ရပ်နေရာဖြစ်သည့် ပေါက်မြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ယနေ့ ဆေးထိုးစုရပ်တွင် ကာကွယ် ဆေးလာရောက်ထိုးနှံသူ ၂၆၀ ဦး ရှိကြောင်း သိရသည်။  ဆေးထိုးစုရပ်သို့ ကာကွယ်ဆေး လာရောက် ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး အနီး ကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 ပေါက်မြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရော ဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ် ဆေးမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်သူများအား ကာ ကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ အောက်တိုဘာ ရက်နေ့မှ ယနေ့အထိ တတိယအသုတ် ပထမအ ကြိမ် ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ စုစု ပေါင်း ၁၂၆၀ ဦး ရှိပြီဖြစ်ကြောင်း  ပေါက်မြို့နယ်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

ဥမ္မာကျော်(ပြန်/ဆက်)