လူထုအခြေပြုဗဟိုဌာန၌ Book Club၊ Women Club နှင့် Youth Club ပြန်လည်ဖွဲ့စည်း

မိုင်းယန်း အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက Book Club၊ Women Club နှင့် Youth Club ပြန်လည်ဖွဲ့စည်းခြင်းကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွဲ့စည်းဆောက်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးမှ Book Club ဖွဲ့စည်းခြင်းဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာဖတ်သူများ မကြာခဏတွေ့ဆုံကြရခြင်းဖြင့် အချင်းချင်းရင်းနှီးမှု ရရှိစေရန်၊ စာပေအသိအမြင်များ အပြန်အလှန်နှီးနောဖလှယ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့ သိရှိလိုသည် များကို မေးမြန်းဆေွးနွေးတတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ Women Club ဖွဲ့စည်းခြင်းဖြင့် အမျိုးသမီးကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်စေရန်၊ အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးအခွင့်အရေးများ ကာကွယ်ရေးနှင့် လိုအပ်ချက်များ ကူညီ ဆောင်ရွက်ပေးနိုင်စေရန်၊ Youth Club ဖွဲ့စည်းခြင်းဖြင့် လူငယ်များ အသိဉာဏ်ပညာ မြင့်မား လာစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် ပရဟိတစိတ်ဓါတ်များ ကိန်းအောင်းလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် Clubs အသင်းအဖွဲ့များ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့သို့ Book Club၊ Women Club နှင့် Youth Club ပြန်လည်ဖွဲ့စည်းရာတွင်ဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အသီးသီး ဖွဲ့စည်းခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်အကြုံပြု ဆွေးနွေးခဲ့ကြကာ လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး၊ ထွန်းထွန်းထူး(ပြန်/ဆက်)