ကလိန်အောင် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စိုက်ပျိုးရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )အစီအစဉ်အား အောက်တိုဘာ ၁၂ ရက် ၊ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ကလိန်အောင်မြို့သည် စိုက်ပျိုးရေးကိုအခြေခံပြီးအသက်မွေးဝမ်းကျောင်းပြုသည့် ဒေသဖြစ်၍တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာအသိပညာများ ရရှိစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show )အစီအစဉ် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသူက လိန်အောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးသက်ခိုင်က ကလိန်အောင်မြို့ အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့်မိမိတို့ဉယျာဉ်ခြံများတွင် စိုက်ပျိုးထားသော သီးနှံများနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်၊ မှတ်သားလိုက်နာ ဆောင်ရွက်ရန်အချက်များ၊ မြေအနေအထား ပေါ်မူတည်၍ရွေးချယ်စိုက်ပျိုးရန်နည်းလမ်းများ၊စိုက်ပျိုးထားသည့်အသီးအနှံပေါ်မူတည်၍ မြေဩဇာများ ရွေးချယ်သုံးစွဲသင့်ကြောင်း၊ GAPစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အကြောင်း၊ မြန်မာGAPတွင်ပါဝင်သော ကဏ္ဍကြီး(၄)ရပ်အကြောင်း၊ ယနေ့အချိန်တွင် ဓာတ်မြေဩဇာများနှင့်ပိုးသတ်ဆေးဈေးနှုန်းများမြင့်တက်နေချိန်ဖြစ်၍ သဘာဝမြေဩဇာများကိုသာသုံးစွဲသင့်ကြောင်း၊ တောင်သူ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးသွားမည့်အစီအစဉ်များအကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာနများသို့ဆက်သွယ်နိုင်မည့်အစီအစဉ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ကလိန်အောင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားသည့်ကာလတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများကို ဖိတ်ခေါ်ပြီး အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ(Talk Show) အစီအစဉ်များအား စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
ကလိန်အောင်၊ပြန်/ဆက်