မေး။ မိုင်းရယ်မြို့နယ်အတွင်း အသက်(၁၂)နှစ်အောက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့ ပညာရေးဌာနအနေနဲ့ ဆောင်ရွက်ထားမှုများကို သိပါရစေ။
ဖြေ။ ပထမဆုံးကတော့ အလယ်တန်းကျောင်းသားရှိတဲ့ မူလတန်းလွန်ကျောင်းအဆင့်ကနေ အထက်တန်းကျောင်းအဆင့်အထိ ၁၂ နှစ် ပြည့်တဲ့ ကျောင်းသား/သူစာရင်းကို ပြုစုရပါ တယ်။ ပြီးတော့ဆေးထိုးမယ့် စုရပ်နေရာတွေ ဖွဲ့စည်းပါတယ်။ ပြီးတော့ ဆေးထိုး မည့် လျာထားစီမံချက်တွေ ရေးဆွဲတင်ပြထားပါတယ်၊ ယခုအခါမှာတော့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံဖို့ အသင့်အနေအထားရောက်ရှိနေပါပြီခင်ဗျာ။
မေး။ မိုင်းရယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းအရေအတွက်နဲ့ ကျောင်းသားဦးရေကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ မိုင်းရယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှာ အထက်တန်း၊ အလယ်တန်း၊ မူလွန်၊ မူလတန်းကျောင်းပေါင်း (၁၀၁) ကျောင်းရှိပါတယ်၊ ကျောင်းသားအင်အားကတော့ ၅၀၈၀ ဦး ရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းအပ်နှံထားတဲ့ ကျောင်းသား (၈၅၇)ဦးရှိပါတယ်။ ၁၂ နှစ် အထက် ကာကွယ်ဆေးထိုးရန် ကလေးငယ် (၆၅၂)ဦး ရှိပါတယ်။
မေး။ မိုင်းရယ်မြို့နယ်အတွင်း ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံမယ့် စုရပ်များကို လည်း သိပါရစေရှင့်။
ဖြေ။ မိုင်းရယ်မြို့နယ်အတွင်းကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံမယ့် စုရပ်များကို ကျွန်တော်တို့ အခြေခံပညာကျောင်းတွေမှာ စုရပ်လုပ်ထားပြီး စုရပ်အဖြစ် အ.ထ.က (မိုင်းရယ်)၊ အ.လ.က(မိုင်းရယ်)၊ အလကခွဲ(မန်ပုံ)၊ အ.လ.က ခွဲ (မန်ဖစ်)၊ အ.ထ.က ခွဲ (မန်စန့်)၊ မူလွန် (မန်ကျောင်းပန်ရှင်)။ မူလွန်(ဟိုတိ)၊ အ.လ.က (စလန်းပုန်းထွန်)၊ အ.လ.က ခွဲ (လွယ်ငင်း)၊ မူလွန်( လုတ်တောင်း)၊ အ.ထ.က ခွဲ(ဟိုယ)၊ အ.လ.က (မိုင်းဟ)ဆိုပြီး (၁၂) နေရာ စီစဉ်ထားပါတယ်။
မေး။ မိုင်းရယ်မြို့နယ်အတွင်း ကျောင်းသား/သူတွေ ကာကွယ်ဆေးထိုးနှံရာမှာ အရေးပေါ် အခြေ အနေဖြစ်လာပါက ဘယ်လိုပြင်ဆင်ဆောင်ရွက်ထားပါသလဲရှင့်။
ဖြေ။ ကျန်းမာရေးဌာနနဲ့ အနီးစပ်ဆုံးနေရာမှာ စုရပ်တွေလုပ်ထားတော့ အရေးပေါ်အခြေအနေ ဖြစ်လာရင် နီးစပ်ရာကျန်းမာရေးဌာနကို ပို့ပေးမှာပါ။ ဒီထက်ပိုပြီးလိုအပ်လာရင် ဒေသအာ ဏာပိုင်အဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ပရဟိတအသင်းများ၊ မိဘဆရာအသင်းများ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ဆရာကြီးအနေနဲ့ ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး ဖြည့်စွက် အကြံပြုစကားလေးလည်းပြောကြားပေးပါဦးရှင့်။
ဖြေ။ ကျွန်တော်တို့ မိုင်းရယ်မြို့နယ်အနေနဲ့ ကျောင်းတွေကို စုရပ်အနေနဲ့ ခွဲခြားပြီး စုစည်းထားသော်လည်း တကယ့်မြေပြင်မှာတော့ တစ်နေရာနဲ့တနေရာ အတော်လေးအလှမ်း ဝေးပါတယ်။ စုရပ်နေရာအရောက်သွားဖို့လည်း အခက်အခဲတွေရှိပါတယ်။ ကျောင်းသား/ သူတွေလည်း ခရီးပမ်းကြမှာပါ။ ဒါပေမယ့် ဒီအခက်အခဲတွေကို မဖြစ်မနေကျော်လွှားရမှာမို့ အားလုံးပူးပေါင်းကြရမှာဖြစ်ကြောင်း ကျောင်းသားရော ကျောင်းသားမိဘများပါ အသိပညာ ပေးဆောင်ရွက်လျက်ရှိပါတယ်၊ ပညာရေးဟာ နိုင်ငံရဲ့ အဓိကအခန်းကဏ္ဍ ဖြစ်လို့ ပညာ သင်ယူနေတဲ့ ကျောင်းသား/သူတွေရဲ့ ကျန်းမာရေးဟာလည်း အထူးအလေးထားရမှာ ဖြစ်ပါ တယ်၊ ဒါ့ကြောင့် နိုင်ငံ့ရဲ့ သားကောင်းရတနာ သမီးကောင်းရတနာများအတွက် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံပြီး ပျော်ရွှင်စွာ ပညာသင်သားကြားနိုင်ပါမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မြို့နယ် (ပြန်/ဆက်)