နမ္မတူတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြောင်း သိကောင်းစရာနှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်

နမ္မတူ အောက်တိုဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြောင်း သိကောင်းစရာနှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ် () နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးမြေစိုက်နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကျွန်ုပ်တို့၏ အန္တရာယ်များ၊ ရောဂါကူးစက်ခြင်းနှင့် နာမကျန်းဖြစ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြောင်းသိကောင်းစရာများ၊ ကိုဗစ်ကာကွယ်ဆေးအမျိုးအစားများ၊ ကာကွယ်ဆေးအလုပ်လုပ်ပုံ၊ အမျိုးအစားမညီသော ကာကွယ်ဆေးများသည် အာနိသင်နှင့် အန္တရာယ်ကင်းမှုအတွက် ကွာခြားမှု ရှိ/မရှိ၊ ကာကွယ်ဆေးထိုးပြီးနောက် ရောဂါကူးစက်မှု ရောဂါပျံ့နှံ့နိုင်သည့်သိသင့်သည်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဗီဇပြောင်းရောဂါပိုးအကြောင်း သိကောင်းစရာများ၊ ကာကွယ်ဆေး၏ ထိရောက်မှုအာနိသင်နှင့် ဘေးကင်းလုံခြုံမှု ထောက်ခံချက် များ၊ ကာကွယ်ဆေးထိုးသင့်သည့် အုပ်စုများ၊ ကာကွယ်ဆေးမထိုးသင့်သောသူများ၊ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်နိုင်သော လက္ခဏာများ၊ ကာကွယ်ဆေးထိုးမည့်သူများ လုပ်ဆောင်ရမည့် အချက် (၈) ချက်၊ ကာကွယ်ဆေး မထိုးမီ၊ ထိုးနေစဉ်၊ ထိုးပြီးနောက် လိုက်နာရမည့်အချက်များ၊ ကိုဗစ်ကူးစက်ခံရပြီး ကာကွယ်ဆေးထိုးဖို့ လို/မလိုသိသင့်သည်များ၊ မြေပြိုဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများနှင့် မြို့နယ်တွင်း ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ ပါဝင်သည်။

နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ကို ရုံးရှေ့ လူစည်ကားသည့်နေရာတွင် စိုက်ထူထားရှိပြီး အများပြည်သူ အသိပညာ ဗဟုတတိုးပွားစေရေးအတွက် လစဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ မြို့နယ်တွင်းဌာဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ချက်များနှင့် အများပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား စဉ်ဆက်မပြတ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)