မြဝတီမြို့၌ အခြေခံပညာအလယ်တန်းကျောင်း၊အထက်တန်းကျောင်းများရှိ‌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆိုင်ရာ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း‌ဆွေးနွေး

 

မြဝတီ အောက်တိုဘာ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၊အထက်တန်း ကျောင်းများရှိ ကျောင်းသား /ကျောင်းသူများအား ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မကြာမှီကာလ အတွင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ (ပထမ) အကြိမ် စတင်ထိုးနှံပေးမည် ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အခြခံပညာအလယ်တန်း‌ေကျာင်းများ၊ အထက်တန်း ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာအေးအေးဖြူက အသက်(၁၂)နှစ်မပြည့် သေးသူများနှင့်လတ်တလောဖျားနာနေသော ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးလို့မရကြောင်း၊ ဆေးတစ်ခုခုနှင့်ဓာတ်မတည့်သောရောဂါရှိသူများ၊ အတတ်ရောဂါစသည့် ဦးနှောက် အာရုံကြောဆိုင်ရာ ရောဂါတစ်ခုခုရှိသူများ၊ သွေးမတိတ် ရောဂါရှိသူများနှင့်အခြားရောဂါအခံရှိသူများကို ကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင် ဆွေးနွေးပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့်ကာကွယ်ဆေးထိုးရာတွင် သာမန်နောက်ဆက် တွဲပြဿနာများအနေဖြင့် ခေါင်းမူးခြင်း၊ပင်ပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်းဖြစ်တတ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက်မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက မကြာမှီကာလ အတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ အခြေခံပညာ အလယ်တန်းကျောင်းများ/ အထက်တန်းကျောင်းများရှိ ကျောင်းသူ/ ကျောင်းသားများအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံသွားမည်ဖြစ်ရာ ဆရာ၊ ဆရာမတို့အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိရမည့်လုပ်ငန်း(၁၂)ချက်ကို အသေးစိတ်မှာကြားဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ရပ်‌ကွက်အုပ်ချုပ်‌ ရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများနှင့်ပတ် သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)