ကော့ကရိတ် အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားသူများအား ယနေ့ နံနက် (၉)နာရီအချိန်က ဆေးထိုးစုရပ်များဖြစ်သည့် အမှတ် (၆)ရပ်ကွက် ဇိနသုခဓမ္မာရုံ၊ အထက (ကျုံဒိုး)၊ အထက(နဘူး) နှင့် အထက(ကမ်းနီ)တို့၌ ဒုတိယအကြိမ် ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ တင်ထွန်းဇော်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများကို ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းများ ဆောင်ရွက် ပေးကြပြီး ပုံမှန် အခြေအနေရှိမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးထိုးပြီး ထူးခြားမှုရှိ/မရှိ မိနစ် ၃၀ ခန့် စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။အလားတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် ကျန်းမာရေးမှူး ဒေါ်မျိုးမျိုးလှိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းက အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုး ရသေးသည့် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယမန်နေ့က ဆေးထိုး စုရပ်များ ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ဇိနသုခဓမ္မာရုံ တို့တွင် ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားပြီးသူ စုစုပေါင်း (၁၄၁၅)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင်