ဝါးခယ်မမြို့နယ်တွင် အသက် (၄၅)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

ဝါးခယ်မ   အောက်တိုဘာ  ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဦးစားပေးအသက်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်()နာရီက ဝါးခယ်မမြို့နယ် ရွှေခယ်သီရိ အားကစားခန်းမတွင် အသက်(၄၅)နှစ်အထက် ပြည်သူများအား (ပထမအကြိမ်) ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၄၅)နှစ် နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ လာရောက်၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

စောသန္တာဦး (ဝါးခယ်မပြန်/ဆက်)