ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်

ဒက္ခိဏသီရိ အောက်တိုဘာ ၁၄

ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် အများပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးမှ ဝန်ထမ်းများပူပေါင်းပြီး ယနေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့သွားရောက်၍ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ လက်လမ်းစာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် အလယ်တန်းနှင့် အထက်တန်း  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအတွက်  မိဘအုပ်ထိန်းသူ များထံမှ သဘောတူခွင့် ပြုချက်ရယူနိုင်ရေးကြိုတင်အသိပေးလိုသည့်အချက်များ၊  မြန်မာနိုင်ငံတွင်လည်း အသက်(၁၂)နှစ်မှ(၁၈)နှစ် အတွင်းရှိ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား ၊ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေး၍ ကလေးများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ၊ ကာကွယ်ဆေးထိုးပေးမည် မဟုတ်ပါသည့် ကျောင်းသား၊ ကျောင်းသူ အုပ်စုများမှာ အသက်၁၂နှစ်မပြည့်သေးသူများ ၊ လတ်တလောဖျားနာနေသော ကျောင်းသား/ကျောင်းသူများ၊ ကျွမ်းကျင်သည့်သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်အရ ကာကွယ်ဆေးထိုးနှံပေးမည့် ကျောင်းသား/ ကျောင်းသူများမှ ဆေးတစ်ခုခုနှင့် ဓာတ်မတည့် သောရောဂါရှိသူများ၊ အတက်ရောဂါစသည့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတစ်ခုခုရှိသူများနှင့် မိသားစုဝင်များတွင် သွေးဥမွှားလျော့နည်းသူများ၊ သွေးမတိတ်ရောဂါရှိသူများနှင့်အခြားရောဂါအခံရှိသူများ ဉပမာ- ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ ထိုရောဂါရှိသည့် ကျောင်းသား/ကျောင်းသူများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရခြင်း၏ အကျိုး ကျေးဇူးများ၊ ထိုးနှံမည့် အစီအစဉ်၊ ဖြစ်ပေါ်လာနိုင်သည့်ကာကွယ်ဆေး၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ၊မိဘအုပ်ထိန်း သူများကသဘောတူခွင့်ပြုမှသာကာကွယ်ဆေး ထိုးပေးမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံရ သေးသော်လည်း ကျောင်းတက်ခွင့်ပြုမည် ဖြစ်ကြောင်း စသည့်အချက်အလက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး အသိပေးနှိုးဆော်ချက်များကို အများပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)