မံစီမြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိကျောင်းသားကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူထားရှိမှုများကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေး

မံစီ   အောက်တိုဘာ    ၁၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ များအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူထားရှိမှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အတွင်းမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ"ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့"၊ "ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ဖို့ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့" အသိပညာပေးဆိုင်းဘုတ်များကို ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံ ရာတွင် မိဘအုပ်ထိန်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်းဘုတ်များစိုက်ထူထား ရှိမှုကို မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မံစီမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို မြို့နယ်ပညာရေးမှူးနှင့် ညှိနှိုင်းဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)