ပြည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် (ဇီးအုပ်) တောင်သူ အသိပညာပေး ရှေ့တန်း စခန်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၅ အုပ်စုမှ တောင်သူ ၅၅ ဦးအား မြေတွင်းအာဟာရဓာတ ချို့တဲ့မှုများ ဓာတ်ခွဲ စစ်ဆေးခြင်းနှင့် မြေနမူနာယူနည်းဆိုင်ရာ နည်းပညာရပ်များကို အောက်တိုဘာ ၁၂ ရက်မှ ၁၃ရက်နေ့အထိ စာတွေ့လက်တွေ့ (၂)ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲတွင် ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် တက်ရောက်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးစန်းလွင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသင်တန်းသို့ တက်ရောက်သည့် တောင်သူများအနေဖြင့် ဓာတ်ခွဲစစ်ဆေးရန် မြေနမူနာ ယူနည်းကို တတ်ကျွမ်းသိရှိနားလည်ပြီး ၎င်းတို့၏ ကျေးရွာများတွင် သီအိုရီလက်ဆင့်ကမ်း ပြန်လည်မျှဝေပေးနိုင်မှာ ဖြစ်ကြောင်းနှင့် မိမိတို့စိုက်ပျိုးမြေများတွင် ဘာတွေအာဟာရချို့တဲ့နေလဲဆိုတာကို သိရှိပြီး လိုအပ်ချက် များကို စိတ်ပါဝင်စားစွာ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ အကျိုးကျေးဇူးများ ရရှိလာမှာဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ပြောကြားသည်။
ကိုဆက်