ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ် အထက်ရှိသူ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယနေ့ ဆက်လက်ထိုးနှံ

ဇေယျာသီရိ    အောက်တိုဘာ  ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ် အထက်ရှိသူ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ထိုးနှံလျက်ရှိရာ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရေဆင်းအခြေခံပညာအထက်တန်းကျောင်းတို့တွင် တတိယနေ့ဆက် လက်ထိုးနှံလျက်ရှိကြောင်းသိရသည်။ 

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ နိုင်ငံတော်၏အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများ သည်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်အထက်ရှိသူ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ် ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရ ယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ ပြုလုပ်ပြီး၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ သူများအား မိနစ် (၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။ ဇေယျာသီရိမြို့နယ်တွင် ပထမရက်တွင် ကျောင်းသားဦးရေ (၁၀၀)ဦး၊ ဒုတိယရက်တွင် ကျောင်းသား ဦးရေ(၁၀၀)ဦးနှင့် တတိယရက်တွင် ကျောင်းသား/သူ (၁၀၀) ဦး စုစုပေါင်းကျောင်းသားဦးရေ (၃၀၀)ဦးအား ကိုဗစ်ကာကွယ်ဆေး( Sinovac) ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။                                          

ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်း ၂၇ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၉၇၇၄ ရှိကာ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ တစ်နေ့လျှင် ဦးရေ ၁၀၀ နှုန်း ထိုးနှံသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့နောက်ပိုင်းရက်များတွင် တစ်နေ့လျှင် ၃၀၀ ဦးနှုန်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးနေမျိုးအောင်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)