အထက-တနင်္သာရီကျောင်းဝင်းအတွင်းပူးပေါင်းအဖွဲ့များကသန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်

တနင်္သာရီ   အောက်တိုဘာလ  ၁၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အထက-တနင်္သာရီကျောင်းပြန်လည်ဖွင့်လှစ်သည့် အခါတွင် သန့်ရှင်းသာယာလှပနေစေရေးနှင့် မကြာမီရက်များတွင် အသက်(၁၂) နှစ်အထက် ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ်၊စ တင်ထိုးနှံ ပေးမည်ဖြစ်ရာ အဆင်ပြေချောမွေ့စေရန်အတွက် ယနေ့ နံနက် ၇နာရီမှ မွန်းတည့်၁၂ နာရီအချိန် အထိ ပူးပေါင်းအဖွဲ့များက ကျောင်းဝင်းအတွင်းစနစ်တကျ စုပေါင်းသန့် ရှင်းရေးဆောင်ရွက်ပေး ကြကြောင်း သိရသည်။

ထိုသို့သန့်ရှင်းရေးဆောင်ရွက်ရာမှာ အထက-တနင်္သာရီကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမျိုးနိုင်နှင့်သတ်တပ်ဖွဲ့ဝင်များ၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း နှင့်ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၊ အင်အား(၂၀) ဦးခန့်က ကျောင်းသန့်ရှင်းသာယာလှပ မှုရှိစေရေးအတွက် ကျောင်းဝင်းအတွင်း အမှိုက်သရိုက်များသန့်ရှင်းဖယ်ရှားပေးခြင်း၊  ကျောင်းဘောလုံးကွင်း အတွင်းမြက်ပင်ရှည် များအား စနစ်တကျဖြတ်ပေးခြင်း၊ ရေမြောင်းအတွင်းအမှိုက် နှင့်ရွှံနွံများ တူးဖော်ပယ်ရှားပေးခြင်း၊ ရှုပ်ပွနေသောသစ်ကိုင်းသစ်ခက်များ ဖြတ်တောက်ပေးခြင်းတို့အား ပူးပေါင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း